Closing on: Jul 25, 2025

Job Description

Base Location    : The Campus, Yangon

Reporting to       : Assistant Fleet Manager

 

Yoma Micro Power Myanmar Limited တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသော ယာဉ်မောင်းခေါ်ယူလျက်ရှိပါသည်။

Job Requirements

  • ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန(ကညန)မှ အတည်ပြုထားသော သက်တမ်းရှိယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
  • ယာဉ်မောင်းသက်တမ်း အနည်းဆုံး ၅ နှစ်နှင့် ယာဉ်မောင်းအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရမည်။
  • မိမိမောင်းနှင်သောကားတွင် လိုက်ပါစီးနင်းသော လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ဖော်ရွေပျူငှာစွာ ပြောဆိုဆက်ဆံရမည်။
  • ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကောင်းစွာလိုက်နာပြီး ဘေးအန္တရယ်ကင်းရှင်းအောင် မောင်းနှင်နိုင်သူဖြစ်ရမည်။
  • မြို့တွင်းလမ်းကြောင်း ကျွမ်းကျင်သူဖြစ်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ နယ်ဝေးခရီးသွားနိုင်သူဖြစ်ရ မည်။
  • အလုပ်ချိန်အတွင်း အရက်သေစာသောက်စားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရ။
  • စည်းကမ်းရှိပြီး အကျင့်စာရိတ္တကောင်းမွန် ရိုးသားသူ၊ အချိန်လေးစားသူ ဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်ရမည်။
  • မော်တော်ယာဉ် သန့်ရှင်းသပ်ရပ်စေရန် အမြဲမပြတ်ဂရုတစိုက်သန့်ရှင်းရမည်။
  • ကုမ္ပဏီမှ အခါအားလျော်စွာပေးသော သင်တန်းများအား တက်ရောက်နိုင်သူဖြစ်ရမည်။
  • အသင်းအဖွဲ့စိတ်ဓာတ်ရှိပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
  • လိုအပ်ပါက အချိန်ပိုဆင်းရမည်။
  • သန်လျင်မြို့နယ်တွင်နေထိုင်သူဖြစ်ရမည်။

 

စိတ်ဝင်စား၍လျှောက်ထားလိုသူများအနေဖြင့် hr@yomamicropower.com သို့လည်းကောင်း၊ Viber No. 09 977858560 သို့လည်းကောင်း 25th July 2025 (သောကြာနေ့ ) နောက်ဆုံးထား၍ CV များ ပေးပို့လျှောက်ထားနိုင်ပါသည်။

Job Category: Fleet
Job Type: Full Time
Job Location: All around Myanmar

Apply for this position

Allowed Type(s): .pdf, .doc, .docx, .rtf